Local News

အထည်အလိပ်တန်ဖိုးမြှင့်ထုတ်ကုန်များ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး

Last Updated:

မြန်မာနိုင်ငံမှ ပို့ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္ထုနှင့် တွင်းထွက်ပစ္စည်းများ၊  ရေထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်းများ အပါအဝင် အခြားပစ္စည်းအမျိုးမျိုးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီစဉ်ပံ့ပိုးမှုဖြင့် နိုင်ငံ တကာသို့ တင်ပို့လျက်ရှိပါသည်။

 ယခုအခါတွင် အဆိုပါပို့ကုန်များသာမက မြန်မာနိုင်ငံရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့် နိုင်ငံတကာ အရည်အသွေးပြည့်မီသည့် တန်ဖိုးမြှင့်ထုတ်ကုန် များ (Value added products) ကို နိုင်ငံတကာရှိ စီးပွားရေးလုပ်ငန်းဈေးကွက်များသို့ ဈေးကွက်ထိုးဖောက်နိုင်ရန်အတွက် သက်ဆိုင်ရာ  မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့၏ အထည်အလိပ်လုပ်ငန်းများမှ ထုတ်လုပ်သည့် နိုင်ငံတကာအရည်အသွေးပြည့်မှီသည့် တန်ဖိုးမြှင့် ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်းတို့မှတစ်ဆင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့နှင့် ချိတ်ဆက်၍သော်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး (ဒူဘိုင်းမြို့) ရှိ စီးပွားရေးသံမှူးနှင့် ချိတ်ဆက်၍သော်လည်းကောင်း ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ပါကြောင်း ဒူဘိုင်းမြို့ရှိ စီးပွားရေးသံမှူးက ပေးပို့အကြောင်းကြားလာပါသည်။

Category: Local News